International News

တရုတ်မှ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုသည် ဂျပန်စီးပွားရေးကို မျှော်မှန်းထားသည်ထက် ပိုမိုထိခိုက်နိုင်

Last Updated:

 

ဂျပန်နိုင်ငံ၊ စီးပွားရေးဝန်ကြီး Yasutoshi Nishimura က စီးပွားရေးလုပ်ငန်းများမှ အကျိုးအမြတ်များနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် တရုတ်နိုင်ငံတွင် လတ်တလောဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ပြဿနာ၏ အကျိုးသက်ရောက်မှုကို ခံစားရနိုင်ဖွယ်ရှိပြီး ကမ္ဘာ့စီးပွားရေးစျေးကွက်ကို တုန့်ဆိုင်းသွားစေနိုင်သည်ဟု ဆိုပါသည်။

တရုတ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှုကြောင့် အာရှစတော့စျေးကွက်ကို အဟန့်အတားဖြစ်စေရုံမျှမက ကမ္ဘာတွင် ဒုတိယမြောက် စီးပွားရေးအင်အားကြီးနိုင်ငံ အတွက် ထိခိုက်ဆုံးရှုံးမှုများ ကြီးမားနိုင်ကြောင်း သုံးသပ်ပြောဆိုခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာနှင့်အဝှမ်း ခရီးသွားလာမှုများတွင် များစွာအဟန့်အတားဖြစ်စေခြင်း၊ တရုတ်နိုင်ငံမှ လာရောက်ကြမည့် ခရီးသွားအစီစဉ်များစွာ ဖျက်သိမ်းရခြင်း စသည့်တို့ကြောင့် ကမ္ဘာ့စီးပွားရေးကို ထိခိုက်မှုများဖြစ်စေခဲ့ကြောင်း Mr. Nishimura ကပြောဆိုခဲ့ပါသည်။

ယခုဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုအခြေအနေသည် ဆက်လက်ဖြစ်ပေါ်နေပါက တရုတ်နိုင်ငံ၏ စားသုံးမှုနှင့် ထုတ်လုပ်မှုအပိုင်းကို များစွာထိခိုက်နိုင်မည်ဖြစ်သဖြင့် ဂျပန်နိုင်ငံ၏ ပို့ကုန်ပိုင်း၊ ကုန်ထုတ်လုပ်မှုအပိုင်းနှင့် စီးပွားရေးလုပ်ငန်းများမှရရှိမည့် အကျိုးအမြတ်အပိုင်းတို့တွင် နစ်နာမှုများ ဖြစ်ပေါ်လာမည်ဟု ၎င်းကဆိုပါ သည်။ 

တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံ၏ ဒုတိယမြောက် အကြီးမားဆုံးသော ပို့ကုန်ဒေသဖြစ်ခြင်း၊  လက်လီစျေးကွက်အတွက် အဓိကအားထားရသည့် နေရာတစ်ခုဖြစ်ခြင်း နှင့်ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စာရင်းဇယားများအရ ဂျပန်နိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများ၏ ၄၀ %  နီးပါးသည်တရုတ်နိုင်ငံမှ လာရောက်ခြင်း ဖြစ်သော ကြောင့် ဂျပန်နိုင်ငံအနေဖြင့် ဗိုင်းရပ်စ်ပျံ့နှံမှုကြောင့် စီးပွားရေးပိုင်းတွင် ထိခိုက်နစ်နာမှု ရှိနိုင်မည်ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

ရင်းမြစ်။ The Japan Times, The Asahi Shimbun, Kyodo News.

Category: International News